Friday, August 19, 2022

နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်

နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်
-----------------------------------------------
စာရေးဆရာမ-နုနုရည်အင်းဝ 
======================


(ခိုင်စပယ်ဆောင်ရှေ့။ သောကြာနေ့၊  ညနေငါးနာ၇ီ...)

''သွားတော့လေမောင်၊ မိတာ အဆောင်ပေါ် တက်တော့မယ်''

''ခဏလေးပါ မိတာရယ်၊ ငါးနာရီတောင် မခွဲသေးပါဘူး''

''မဟုတ်ဘူးလေကွာ မောင်ကလည်း။ ဒီမှာ မိတာ ရေလည်းမချိုးရသေးဘူး။ အ၀တ်အစားလည်း မထည့်ရသေးဘူး။ တော်ကြာနေလာတော့မှာ''

''ဟင့်အင်းကွာ။ ဆယ်မိနစ်...ဆယ်မိနစ်။ နောက်ထပ် ဆယ်မိနစ် မိတာ နေရဦးမယ်။ ခြောက်နာရီထိုးမှ လာမှာကိုများ။ ခုမှ အစောကြီးရှိသေးတယ်''
    
ခက်လိုက်တဲ့ မောင်ရယ်။ မိတာဘာများတတ်နိုင်ဦးမှာလဲ။ မိတာလက်ကို အတင်းဆုပ်ထားတဲ့ မောင့်မျက်နှာကို မိတာကြည့်ရင် သက်ပြင်းပဲ ချရတော့တယ်။ တစ်နေကုန် ကလပ်စ်လစ်ပြီး လျှောက်လည်ရတာတောင် မဝသေးဘူးလား မောင်ရဲ့လို့ မိတာ မမေးရက်တော့ပါဘူး။ မိတာလည်း မောင့်လိုပဲ ခံစားနေရလို့ပေါ့။ ခဏလေးဖြစ်ဖြစ် မောင်နဲ့ နေချင်သေးလို့ပေါ့။
    
''သောကြာနေ့ကို မောင်မုန်းတယ်ကွာ။ ဘယ်တော့များမှ မောင်တို့နှစ်ယောက် စနေ၊ တနင်္ဂနွေတွေကို လျှောက်လည်ရမှာပါလိမ့်။ သူများတွေဆို.....''
    
''အို....မောင်ကလည်းကွာ မကြာတော့ပါဘူး။ တစ်နှစ်ပဲလိုတော့တာ ဥစ္စာ။ မိတာတို့ကျန်တဲ့ရက်တွေလည်း တွေ့နေရသားနဲ့။ မကောင်းဘူးလေ မောင်ရဲ့။ သူတို့က မိတာကို အားလုံးတာ၀န်ယူထားတော့....''
    
မိတာမျက်နှာ ချက်ချင်းညှိုးကျပြီး မျက်ရည်ဝိုင်းပြန်တော့လည်း မောင့်ခမျာ သနားစရာ။ 

''အေးပါကွာ ဟုတ်ပါတယ်။ မိတာကို မောင်မခွဲနိုင်လို့ပါ။ စနေ တနင်္ဂနွေ နှစ်ရက်လုံးက တစ်ယောက်တည်း သိပ်ယောင်တာ မိတာရ။ ဘယ်သွားပြီး ဘယ်လာရမှန်းလဲ မသိဘူး''
    
ရုတ်တရက် မိတာ ဆွံ့အသလိုဖြစ်ပြီး ပြန်မပြောနိုင်ဘဲ အပြစ်ကင်းစင်တဲ့ မောင့်မျက်လုံးတွေကို မိတာ ၀မ်းပန်းတနည်း ကြည့်မိသည်။ မောင်.....မိတာရဲ့မောင်။
   
''ကဲ သွားတော့။ မျက်ရည်လေး ကလယ် ကလယ်နဲ့ ဟင်း၊ တော်ကြာ ခုနေ ဦးလေးကြီး လာခေါ်တာနဲ့ တိုးနေမှ သူ့တူမကို နှိပ်စက်နေရသလားဆိုပြီး ကိုယ့်ကို ရိုက်ခံထိနေဦးမယ်''
     
တော်ပါတော့ မောင်ရယ် တော်ပါတော့။ ကျလုဆဲဆဲ မျက်ရည်ကို မိတာ သိမ်းပြီးမျက်နှာကိုပြင်လို့ မိတာက်ု နောက်ပြောင် စိတ်သက်သာစေတဲ့ မောင့်လက်တွေကို ဖျစ်ညှစ် နှုတ်ဆက်လိုက်တယ်။
  
 ''တနင်္လာနေ့ စောင့်နေနော် မောင်။ မောင့်ကို မိတာ အချစ်ဆုံး''
   
လှစ်ခနဲ မိတာ အဆောင်ပေါ်ကို ပြေးတက်ခဲ့တယ်။ မောင် မိတာကို နောက်ကနေ ငေးကြည့်နေလိမ့်မယ်။ အခန်းတံခါးကို အမြန်ဖွင့်၀င်ရင်း စားပွဲတင်နာရီကို လှမ်းကြည့်မိတယ်။ ငါးနာရီခွဲပြီးပြီ။ အိပ်ရာပေါ်ကို ပစ်လှဲပြီး မောင့်ကို တနေချိန် မရတော့ပါဘူးမောင်ရယ်။ ကျချင်နေတဲ့ မျက်ရည်တွေကို ရေနဲ့ အတူရောချိုးပစ်လိုက်တယ်။ ခေါင်းလျှော်ပစ်လိုက်တယ်။ မောင်ကြိုက်တယ်ဆိုတဲ့ တရုတ် သာတီသရီး ခေါင်းလျှော်ရည် များများနဲ့လေ။
   
မျက်နှာကိုမွှေးသင်းနေအောင် လည်ပင်းနဲ့ နားရွက်လေးတွေ မွှေးသင်းအောင် မိတ်ကပ်ပါးပါးကို အနှံ့အပြား ပွတ်လိမ်းလိုက် ခုတင်အောက်က သေတ္တာ ဆွဲထုတ်လိုက်ယပ်တောင်တဖျပ်ဖျပ် ခပ်လိုက် နာရီကြည့်လိုက်နှင့် လုပ်နေတဲ့ မိတာကို ခရီးသွားနေတဲ့ ကြိုင်လေးသာရှိရင် တစ်ဖက်ခုတင်ပေါ်ကနေ ''အင်း....ဒုက္ခ ၊ ဒုက္ခ '' ဟု ညည်းညူပေလိမ့်မည။ ကြိုင်လေးလည်း မနက်ဖြန်လောက်တော့ ပြန်ရောက်လိမ့်မယ်ထင်တယ်။ ဒီတစ်ခါသုံးရက်တည်းလို့ ပြောသွားတာပဲ။
   
ခရီးဆောင်အိတ် အသေးလေးထဲကို အင်္ကျီနှစ်စုံထည့်၊ မိတ်ကပ် ၊ ပေါင်ဒါ ၊ နှုတ်ခမ်းနီဘူးထည့် ။ သွားတိုက်ဆေး၊ သွားပွတ်တံထည့်၊ လိုအပ်တဲ့ အခြားပစ္စည်းလေးတွေ၇ာ အားလုံးထည့်ပြီး အ်ိတ်ဇစ်ကို ဆွဲပိတ်လိုက်တဲ့အချိန်မှာပဲ အဆောင်အောက်က နားယဉ်နေတဲ့ ကားဟွန်းသံကို မိတာကြားရတယ်။ တစ်ဆက်တည်းမှာပဲ .....
  
''တာတာရေ ဦးလေးလာပြီ''
  
''လာပြီ လာပြီ ခဏလေး''

ဦးလေးလာပြီတဲ့ ။ တစ်ကိုယ်လုံး မွှေးကြိုင်သင်းပျံ့နေတဲ့ မိတာ မှန်ထဲကို နောက်ဆုံးအနေနဲ့ ကြည့်လိုက်တယ်။ မိတ်ကပ်ပါးပါး နှုတ်ခမ်းရဲရဲနဲ့ ဆယ့်ကိုးနှစ်အရွယ် မိန်းမချောလေးတစ်ယောက်က ကျောက်စိမ်းနားဆွဲ ရှည်ရှည်လေးကို ခါရမ်းပြီးမိတာကို ပြန်ကြည့်နေတယ်။ မောင်ချစ်တဲ့ တာတာ၀င်းဆိုတဲ့ ကောင်မလေးရဲ့ လူတကာငေးကြည့်ရတဲ့ အလှ ။ နောက်ပြီးတော့ ဘယ်လိုပြောရမလဲ။ မိတာနဲ့ မောင့်ဘ၀ကို အဆင်ပြေချောမောစေမယ့်အလှ။

အဖိုးတန် အဆောင်အယောင် အပြင်အဆင်တွေနဲ့ တစ်ကိုယ်လုံး စိမ်းမြနေတဲ့ မိတာကို အဆောင်ရှေ့မှာ ရပ်စကားပြောနေတဲ့လူတွေ အကုန်လုံးက ဝိုင်းကြည့်နေကြတယ်။ အားကျတဲ့ အကြည့်တွေ။ မနာလိုတဲ့ အကြည့်တွေ။ ဟဲဟဲ အကြည့်ခံရတဲ့ မိတာ ကြည်နူးလိုက်ပါ့မယ်လေ။

ကားတံခါးကို မိတာ ဆွဲဖွင့်ပြီး ၀င်ထိုင်လိုက်တာနဲ့ ကားလက်ကိုင်ရဲ့ နောက်မှာ ခပ်တည်တည်ကြီး ထိုင်နေတဲ့ မိတာတို့ အဆောင်ပိုင်ရှင်ကစပြီး မိတာသူငယ်ချင်းတွေအထိ အားလုံးရှိန်ကြတဲ့ ထိပ်ပြောင်ပြောင် ဗိုက်၇ွှဲရွှဲ အဒာမည်းမည်း မိတာ၇ဲ့ ဦးလေးက ကားကို ချက်ချင်းထွက်တယ်။ မိတာက ကုပ်ကုပ်လေး။ ဦးလေးကို ကြောက်ရွံ့ရိုသေတဲ့ ပုံစံက အပြည့်။ ကားက မညီမညာ မြေနီလမ်းကလေးထဲမှာ တလိမ့်လိမ့် တလူးလူး လှုပ်ခါနေသလို မိတာရင်ထဲမှာလည်း ထုံးစံအတိုင်း ထိပ်ခနဲ လှုပ်ခါရပြန်ပြီ။မြေနီလမ်းအထွက် ကားလမ်းမကြီးအရောက် ကားကွေ့ဖို့ စောင့်ရတဲ့ နေရာ။
  
ဟော.....ဟိုမှာ ပြောမရတဲ့ မိတာရဲ့မောင် ။ သစ်ပင်အကွယ်မှာ မိတာရင်ထဲကို တစစ်စစ်နာလာစေတဲ့ မောင့်မူပိုက်အကြည့်နဲ့။ ပြီးတော့ မိတာသာ အဓိပ္ပာယ်ဖော်ရနိုက်တဲ့ အသံတိတ်နည်းနဲ့ ''မိတာကို လွမ်းတယ်၊ ဦးလေးကြီးကို လွမ်းတယ်တဲ့လေ ။ မောင်ရယ် မောင့်လိုတော့ မမုန်းပေမယ့် မိတာမချစ်ပါဘူး။ ဒါပေမယ့် မောင်ရယ် မချစ်သော်လည်း မိတာအောင့်ကာနမ်းမယ်။
     
ဝူးကနဲ ကားကွေ့ပြီး လမ်းမကြီးပေါ်မှာ မြှားကလေးတစ်စင်းလို ပြေးနေတုန်းမှာပဲ မိတာရဲ့ဦးလေးဆိုသူကို အလှဆုံးအပြုံးနဲ့ မိတာ နှုတ်ဆက်လိုက်တယ်။
   
''နေကောင်းရဲ့လား ကိုကို တာတာလှရဲ့လားဟင်''

~~~~~~~~~~~~~~~~~~~~

(အမှတ် (၁၃-A) ဆိတ်ငြိမ်၇ပ်ကွက်၊ ညဆယ်နာရီ...)

“ကိုကို သွားမယ်နော် တာတာ၊ မနက်ကိုးနာ၇ီလောက်ရောက်မယ် ၊ ဟုတ်လား။”

“တာတာ စောင့်နေမှာပေါ့”

မိတာကို နှုတ်ဆက်အနမ်း နမ်းတဲ့ သူ့ပါးစပ်က အရက်နံ့။ မိတာပါးမှာ စွဲထင်ကျန်ရစ်တယ်။ သူအခန်းထဲက ထွက်သွားတဲ့ အသံ။တံခါး ပြန်ပိတ်သံ။ ကားဆက်နှိုးသံ။ အားလုံးကို မိတာ မျက်လုံးမှိတ်ထားရင်းက နားထောင်နေမိတယ်။
   
ခဏနေတော့ အားလုံးဟာ ငြိမ်သက်တိတ်ဆိတ်သွားလိုက်တာ။ ပတ်၀န်းကျင် အသံဗလံ ဘာဆိုဘာမှ မကြားရလောက်အောင် ချောက်ချားလာအောင် ငြိမ်လိုက်တဲ့ည။ သြော်....ဒါဆို ဆိတ်ငြိမ်၇ပ်ကွက်ကိုး။ ဒီလို ဆိတ်ငြိမ်စွာနေရဖို့အတွက် ဘယ်လောက်တန်ဖိုးကြီးပေးထားရတယ် မှတ်သလဲ။ မိတာ ဘယ်လောက်များနားလည်လို့လဲ။
    
အဆောင်မှာတော့ ဒီအချိန်လောက်ဆို ဆူလို့ညံလို့ကောင်းတုန်း။ လက်ဖက်သုတ်စားလို့ကောင်းတုန်း။ အဆောင်ရှေ့မြေနီလမ်းပေါ်မှာလည်း ဂစ်တာအဖွဲ့တွေနဲ့စည်ကားဆူညံတုန်း။ ခု......ဒီမှာတော့ မိတာ တစ်ယောက်တည်းရယ်။
    
အခန်းတစ်ခန်းလုံးမှာ မျက်နှာကြက်ပေါ်က တဝီ၀ီ လည်နေတဲ့ ပန်ကာ အသံကလွဲရင် ငြိမ်လို့တိတ်လို့။ အားလုံးဟာ အလှုပ်မယှက်။ အနားက စားစရာ သောက်စရာတွေ တင်ထားတဲ့ စားပွဲကုလားထိုင်တစ်စုံကလည်း မလှုပ်မယှက်။ နံရံပေါ်က နှစ်ဟောင်း ပြက္ခဒိန်ထဲက ဂျပန်မလှလှလေးကလည်း မလှုပ်မယှက်။ အို..ခုတင်ပေါ်က သက်ရှိဖြစ်တဲ့ မိတာတောင်မှ တကယ့်ကို မလှုပ်မယှက်။
စားပွဲပေါ်က တရုတ်စာအထုပ်တွေကိုလည်း မိတာဖြေတောင်ကြည့်ချင်စိတ် မရှိပါဘူး။ အင်း ရေအေးအေးလေးတစ်ခွက်လောက် သောက်ရရင်တော့ကောင်းမယ်။ ရေသောက်ပြီးရင် မိတာဘာလုပ်ရမလဲ။ အိပ်ချင်စိတ်ကလည်း မရှိသေးဘူး။ မိတာနဲ့ခင်မင်နေပြီဖြစ်တဲ့ တိုက်နံရံထူကြီးရဲ့ ဟိုဘက်ခြမ်း တိုက်ကြီးပေါ်ကလူတွေနဲ့ စကားသွားပြောရကောင်းမလား။ တော်ပါပြီလေ။ မသွားတော့ပါဘူး ။ ဒီညတော့ ကိုယ့်ဘာသာနေတာပဲ ကောင်းပါတယ်။ ဘာပဲပြောပြော သူတို့က ကိုယ့်ကို ၀တ္တရားအရသာ ဆက်ဆံတာ။ လူမှုရေးကြောင့်သာ ဆက်ဆံတာ။တကယ်တော့ မိတာကို သူတို့ ဘာဆက်ဆံစရာ၇ှိလို့လဲ။ မိတာ သူတို့နဲ့ တစ်ယောက်နဲ့တစ်ယောက် သိစရာ ဘာမှမလို။ သူတို့က သူတို့ အခြေအနေနဲ့ သူတို့။ မိတာတို့လိုချင်တဲ့ အခန်းကိုငှားတယ်။ တစ်နေ့ကို တစ်၇ာ့ငါးဆယ် ယူတယ်။ တိုက်ခန်းက သီးသန့်။ ရေချိုးခန်း အိမ်သာတွဲလျက်၊ အခန်းထဲ အိပ်ယာခမ်းနား ပစ္စည်းပစ္စယ အပြည့်အစုံနဲ့။ ရေခဲသေတ္တာတောင် ပါလိုက်သေး။ မီးဖိုတစ်ခုပဲ မပါတာ။ မီးဖိုကတော့ လိုလည်းမလိုပါဘူးလေ။ မိတာတို့ချက်ပြုတ်မစားဘူး။ စားစရာက အပြင်က၀ယ်လာလိုက်တာပဲ။
   
ဒီအခန်းကို မိတာတို့ အနေနဲ့ကလည်း ယူပျော်တယ်။ ဆိတ်ငြိမ်၇ပ်ကွက်ထဲက အစွန်ဆုံးနဲ့ အကျယ်ဆုံးခြံထဲက သီးသန့်နေရာ။ မိတာအတွက်လည်းကောင်းတယ်။ နောက်ကြောင်း၇န်မအေးတဲ့ မိတာရဲ့ ကိုကို အတွက်ကလည်းကောင်းတယ်။ မိတာတို့က စနေ၊ တနင်္ဂနွေ နှစ်ရက်နဲ့ သောကြာနေ့ ညပိုင်းပဲ သုံးတာ။ သောကြာနေ့ညနေလာတယ်။ မိတာနဲ့ကိုးနာရီခွဲလောက်အထိနေပြီး ဆယ်နာ၇ီဆို သူက အိမ်ပြန်တယ်။ ဒီမှာ ဘယ်တော့မှ ညမအိပ်ဘူး။ နောက်နေ့ စနေနေ့မနက် ကိုးနာ၇ီလောက်မှ လာတယ်။ တစ်နေကုန်နေတယ်။ ပြီးတော့မှ ညကိုးနာ၇ီလောက် အိမ်ပြန်တယ်။ နောက် တနင်္ဂနွေ မနက်လာတယ်။ တစ်နေကုန်နေတယ်။ ညနေငါးနာရီလာက်မှ အဆောင်ပိတ်ချိန်နဲ့အကိုက် မိတာကို ပြန်လိုက်ပို့တယ်။ အဆောင်ကတော့ တာတာ၀င်းတစ်ယောက် ဦးလေးအိမ်က ပြန်လာပြီပေါ့။ ပိုက်ဆံ ချမ်းသာပြီး တူမကို ဂရုတစိုက်ရှိလှတဲ့ ဦးလေးကို သူကိုယ်တိုင်‌‌ သေချာလာကြို၊ သေချာပြန်ပို့တာ။ မျက်မှန်တ၀င့်၀င့်၊ ခပ်၀၀၊ ဆံပင်ဖြူ တစ်ပင်နှစ်ပင်စနဲ့ အရွယ်ချင်းကလည်း ဒါလောက်ကွာတာ။ ဘယ်သူကများ ဦးလေးဟုတ်၇ဲ့လားလို့ ယောင်လို့တောင် သံသယဖြစ်မှာလဲ။ တချို့က အားကျရတဲ့ ၇ည်းစားချောချောလေးတစ်ယောက်နဲ့ တတိယနှစ်ကျောင်းသူချောချောလေး တာတာ၀င်းပေါ့။ အများနည်းတူ ၀တ်နိုင် စားနိုင် သုံးနိုင် ဖြုန်းနိုင်တဲ့ တာတာ၀င်းပေါ့။
   
သြော်...မိတာရဲ့မောင်တောင်မှ သေသပ်ပိရိတဲ့မိတာကို တစ်စက်ကလေး ၇ိပ်မိလို့လား။ အပတ်စဉ် သောကြာ၊ စနေ၊ အပြင်ထွက်အိပ်တဲ့ ၇ည်းစားကို မောင်မသင်္ကာလို့ စောင့်ကြည့်လေ။ သောကြာနေ့ညနေ မောင်ပြန်ပို့ပြီး တစ်နေရာက ကြည့်ပေါ့။ မိတာရဲ့ ဦးလေးလာခေါ်တယ်လေ။ အပတ်စဉ် ဒီလူပဲ။ တနင်္ဂနွေ ညနေပြန်ပို့တယ်လေ။ ဒီလူပဲ။ ဘာအထင်မှားစ၇ာလိုလို့လဲ။ ဒါပေမဲ့ကွယ် မောင်ကတော့ မိတာကို မသင်္ကာစိတ်နဲ့ စောင့်ကြည့်ရှာတာ မဟုတ်ပါဘူးကွယ်....နော်။ ပကတိ၇ိုးသားစိတ်နဲ့ မိတာကို မြေနီလမ်းအထွက် သစ်ပင်ကွယ်ကနေ လူလုံးပြရတာမောလို့။ 
     
ခဏလေးပါမောင်ရယ်။ ခဏလေးပါ။ မိတာတို့အတွက် မဝေးတော့ပါဘူး။ ပျော်စ၇ာကောင်းတဲ့အချိန်တွေ၇ာက်လာတော့မှာပါ။ မိတာမိုက်နေတာ မဟုတ်ပါဘူးမောင်၇ဲ့။ လော်လည်ဖောက်ပြားတာလည်း မဟုတ်ရပါဘူး။ လောလောဆယ် မိတာ ကျောင်းစား၇ိတ်အတွက်။ မောင်နဲ့ မိတာရဲ့ အနာဂတ်အတွက် မိတာအလုပ်လုပ်နေတာ။ စိတ်သန့်သန့်ရှင်းရှင်းနဲ့ မိတာ အလုပ်လုပ်နေတာ။ 
    
မိတာကတော့ ရှင်းတယ်မောင်‌ရေ။ မိတာမောင့်ကို သိပ်ချစ်တယ်။ မောင့်ကိုပိုင်ဆိုင်ချင်တယ်။မိတာ မောင်နဲ့ လက်ထပ်မယ်။ ဘာဖြစ်သလဲ ။ အသည်းနှင့်အောင် ချစ်ရသူမို့ မသန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို မအပ်ရက်ပါဘူးဆိုတဲ့ ဟိုရှေးတုန်းက ခပ်တုံးတုံးအတွေးအခေါ်တွေ ဒီခေတ်မှာ သွားစမ်းပါ။ မိတာကတော့ သိပ်မုန်းတာပဲ။ 
     
ခုဆို မိတာ ပိုက်ဆံတော်တော်စုမိနေပြီ။ မိတာကို သူက တစ်လတစ်ထောင်ပေးတယ်။ တစ်ပါတ်တစ်ခါပဲတွေ့တယ်။ ဒါတောင် ညအိပ်တာမဟုတ်ဘူးလေ။ သူ့မှာကလည်း သူ့အကြောင်းနဲ့သူ။ အိမ်က မိန်းမကြီးနဲ့ သားသမီးတွေ မသိအောင်က ပိပိ၇ိ၇ိ နေတတ်ရသေးတာ။ သိပ်အလုပ်များတဲ့ စီးပွားရေးသမား တစ်ယောက်အနေနဲ့ ညကိုးနာ၇ီ ဆယ်နာ၇ီ ဆိုတာ နောက်ကျနေကျလေ။ ဘာဖြစ်သလဲ ။ တခြားအချိန်တွေ ဘာလုပ်နေနေ ကိုးနာ၇ီ ဆယ်နာ၇ီ အိမ်ပြန်ေ၇ာက်ပြီးတာပဲ မဟုတ်လား ။ သူကလည်း သူ့တွက်ကိန်းနဲ့သူ အဟုတ်။ မိတာကလည်း မိတာတွက်ကိန်းနဲ့ပေါ့။ သူ့ဆီကရတဲ့ တစ်လတစ်ထောင်ကို မိတာ ချွေချွေတာတာသုံးတယ်။ မကုန်မဖြစ်တဲ့ ကျောင်းစား၇ိတ်ကလွဲ၇င် အစားအသောက်လည်းမိတာ ချွေတာတယ်။ သူများတွေကတော့ ဘယ်သိမလဲ။ ၀တ်လိုက်စားလိုက်တာလို့ ရှိမှာပေါ့။ တကယ်တော့ မိတာ၀တ်တဲ့ အဖိုးတန် အ၀တ်အစားတွေက သူ ကြီးဆီက အပိုဘောက်ဆူးအဖြစ်၀ယ်ပေးတာတွေ။ သူ့သမီးတွေအတွက်၀ယ်၇င်း မိတာအတွက်ပါ၀ယ်လာတာမျိုးတွေ။
     
သူနဲ့ ဆက်သွယ်မိတဲ့ တစ်နှစ်အတွင်း မိတာလေးထောင်လောက်စုမိနေပြီ။ နောက်တစ်နှစ် မိတာကျောင်းပြီးထိဆို၇င် ရှစ်ထောင်လောက်တော့ ၇လိမ့်မယ်နဲ့ တူ၇ဲ့။ တော်ပြီလေ။ ကျောင်းပြီးတာနဲ့ မိတာမောင်နဲ့လက်ထပ်မယ်။ အိမ်ခန်းလေးတစ်ခန်းငှားမယ်။ နှစ်ယောက် အလုပ်လုပ်မယ်။ အင်း မိတာ အိမ်ကို ထောက်ပံ့ချင်တယ်ဆို၇င်တော့ မိတာနဲ့ မောင် ချွေတာရဦးမှာပေါ့။ အဖေတို့ အမေတို့ကတော့ မိတာကို ပြောမှာမဟုတ်ပါဘူး။ သူတို့မထောက်ပံ့နိုင်တာကို ကိုယ့်စား၇ိတ်ကိုယ်ရှာပြီး ကျောင်းတက်တဲ့ သမီး၇ယ်လို့ ကြံဖန်ပြီး ကျေးဇူးတင်နေရှာတာ။
     
မိတာတို့အိမ်က ဆင်းရဲတယ်။ မောင်နှမလည်းများတယ်။ မိတာ ဆယ်တန်းအောင်တော့ အဖေ၇ာ အမေ၇ာ ကျောင်းဆက်တက်စေချင်ကြတယ်။ ဒါပေမဲ့ မူလတန်းကျောင်းအုပ် အဖေ့လခနဲ့ အမေဈေး‌ ရောင်းတာလေးနဲ့က မိသားစုစားသောက်ဖို့တောင် အနိုင်နိုင်၇ယ်။ မိတာပဲ ကံကောင်းတာလား ကံဆိုးတာလား မသိပါဘူးလေ။ ၇န်ကုန်က အသင့်အတင့်ချောင်လည်တဲ့ အဖေ့အစ်ကို တစ်ယောက်က မိတာကို ခေါ်ပြီးကျောင်းထားပေးတယ်။ အဖေ့အစ်ကိုအိမ်က ၇န်ကုန်မှာဆိုပေမဲ့ မင်္ဂလာဒုံဆိုတော့ မိတာကျောင်းတက်၇မှာ ဝေးတယ်ဆိုပြီး အပြင်အဆောင်မှာ ထားပေးပြီး ကျောင်းတက်ခိုင်းတယ်။ ကံဆိုးချင်တော့ မိတာဒုတိယနှစ်ဖြေနေတုန်းမှာ အဖေ့အစ်ကို မိတာဘကြီးခမျာ ၇ုတ်တ၇က် ကားတိုက်မှုနဲ့ ဆုံးတယ်။ မိတာ ဘယ်လိုလုပ် ဆက်နေသင့်တော့မလဲ။ မိတာကို ဘယ်သူက ထားပေးတော့မှာလဲ။ နှစ်နှစ်ပဲလိုတော့မှ ဖြစ်၇တဲ့အဖြစ်ကို မိတာ၀မ်းနည်း၇င်း ဆက်နေဖို့လမ်းစကို မိတာရှာဖွေမိတယ်။
   
အင်း.... တစ်ခါတလေတော့လည်း တွေးမိတယ်မောင်၇ယ်။ အဲဒီအချိန်မှာ ကြိုင်လေးနဲ့မတွေ့ပဲ မောင်နဲ့တွေ့မိခဲ့၇င် မိတာဘ၀ တစ်မျိုးတစ်မည် ဖြစ်ချင်ဖြစ်မှာလို့။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေ။ မောင်ဟာလည်း မရှိမရှားမိဘက တတ်စေချင်လွန်းလို့ ထားပေးတဲ့ ကျောင်းသားတစ်ယောက်ပဲ ဥစ္စာ။ မောင်လည်း မိတာပြသနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကြိုင်လေးက ခိုင်စပယ်ဆောင်မှာ မိတာနဲ့ ခုတင်ချင်းကပ်လျက်နေတာ။ သူ့ကို ၇ုံးမှာ အလုပ်လုပ်တယ်လို့ပဲ တစ်ဆောင်လုံးက သိထားတာ။ မနက်ဆို ၇ိုး၇ိုးလေးပဲ ခြင်းလေးနဲ့ ထွက်သွားတာပဲ။ ညနေ ၇ုံးဆင်းချိန်ပြန်လာတာပေါ့။ အေးအေးဆေးဆေး ။ ဘယ်မှလည်းမသွားတတ်ဘူး။ ဒါပေမဲ့ သူ့ရုံးကအလုပ်ဆိုပြီး တစ်လတစ်ခါ၊ လေးငါးရက် တစ်ပါတ်ခ၇ီးတော့ သူထွက်တယ်။ တကယ်တော့ အဲဒီ ခ၇ီးဟာ သူအလုပ်လုပ်ဖို့ ထွက်သွားတာ။ တစ်ယောက် ဒါမှမဟုတ် တစ်စုနဲ့ သူလိုက်သွားတာ။ တစ်ထောင်ကနေ နှစ်ထောင် သုံးထောင်အထိရတယ်။ ကြိုင်လေးအကြောင်းကို ဘယ်သူမှ မသိဘူး။ မိတာကိုတော့ သူသိပ်ခင်တယ်။
    
မိတာအားလုံးကို လက်လျှော့ပြီး ငိုကြီးချက်မနဲ့ အိမ်ကို အပြီးပြန်ဖို့ ပစ္စည်းသိမ်းနေတုန်းမှာပဲ ကြိုင်လေးက မိတာကို သနားပြီး ဒီအကြောင်းတွေကို ဖွင့်ပြောခဲ့တယ်။ မိတာကို အကြံဉာဏ်ပေးခဲ့တယ်။ မိတာဟာချောတယ်။ တက္ကသိုလ် ကျောင်းသူ အဆင့်အတန်းရှိ၇ှိ တိတ်ိတ်ဆိတ်ဆိတ်နဲ့ ဘယ်သူမှလည်း သိစရာမလိုဘူးတဲ့။ ပြီးတော့ တစ်သက်လုံးမှ မဟုတ်တာ။ နှစ်နှစ်တည်းလေ။ နှစ်နှစ်တည်း။ မိတာဘာဖြစ်သွားမှာမှတ်လို့။ မိတာ လှလှပပ၀တ်စားပြီး ကျောင်းဆက်နေနိုင်မယ်။ အဖေတို့ အမေတို့ မိတာတို့ လိုချင်တဲ့ ဘွဲ့ရမယ်။ မိတာ ခေါင်းတစ်ချက်ညိတ်လိုက်တာနဲ့ အားလုံးအဆင်ပြေသွားတယ်မောင်ရယ်။ 
     
တတိယနှစ် နှစ်လယ်မှာ မောင်နဲ့မိတာ တွေ့ခဲ့ကြတယ်နော်။ ချစ်မိတာ မိတာ ဘာတတ်နိုင်မှာလဲကွယ်။ မိတာမောင့်ကို မချစ်သင့်ဘူးလို့ မိတာ မတွေးခဲ့မိပေါင်။ မိတာ အလုပ်လုပ်တာပဲ မောင်ရဲ့။ တစ်ခါတလေ စိတ်မကောင်းဖြစ်ရတာတော့  ရှိတာပေါ့မောင်၇ယ်။ အထူးသဖြင့် သောကြာနေ့ည ညနေ မောင်ပြန်ခါနီး အချိန်တွေပေါ့။ မိတာ ဘယ်လို ထိန်းပေမဲ့ အဆောင်ပေါ်ေ၇ာက်တာနဲ့ ငိုရော။
    
တော်ပါပြီ မောင်၇ယ်။ မိတာ မစဉ်းစားချင်တော့ဘူး။ တစ်ယောက်တည်း အထီးကျန်နေရမှ မောင်ကို ပိုသတိရတယ်။ စနေ တနင်္ဂနွေ နှစ်၇က်လုံး တစ်ယောက်တည်း သိပ်ယောင်တာပဲ မိတာရ ဆိုတဲ့ မောင့်အသံက ၇င်ထဲမှာ ပဲ့တင်ထပ်နေသလိုပဲ။ တော်ပါတော့မောင်၇ယ်။ မိတာ အိပ်ပါ၇စေတော့၊ မိတာ အိပ်ချင်နေပြီ။ မိတာလေ ဟိုလူကြီး ၀ယ်လာတဲ့ ချောကလက်နှစ်ခု မိတာ မစားဘဲ မောင့်အတွက် တိတ်တိတ်လေး သိမ်းထားတယ်။ မဝေးတော့ပါဘူး မောင်၇ယ်။ တစ်နှစ်ဆိုတာ ခဏလေး၇ယ်။ တနင်္လာနေ့မနက် အဆောင်ရှေ့ကနေမိတာကို မောင်ဆက်ဆက်လာစောင့်နော် သိလား။


No comments:

Post a Comment

ကင်းစောင့်

  ကင်းစောင့် “ကင်းစောင့်” ကား နယ်ပိုင်ဝန်ထောက်မင်း စီး၍လာသော အစိုးရသင်္ဘော ဖြစ်လေသည်။ တစင်းသက်သက် လုံးချင်းမဟုတ်၊ ဘေးတွင် တွဲတတွဲ ပါသေး၏။ ဘေ...